စိန်အကြောင်း
စိန်ကိုတော့ တန်ဖိုးကြီးလက်ဝတ်ရတနာတစ်ခုအဖြစ်သတ်မှတ် ဝတ်ဆင်ကြပါတယ်။ ဒါပေမယ့် တကယ်က စိန်တွေဟာ (20%) ကိုသာ လက်ဝတ်ရတနာအဖြစ်ဝတ်လို့ရပြီး (80%) ကတော့မရပါဘူး။ စိန်ဆိုတာ ကာဗွန် အက်တမ် တွေက ပုံဆောင်ခဲ ပုံစံဖြစ်နေတဲ့ ဒြပ်စင် တစ်ခုပါ။ ကာဗွန် အစိုင်အခဲတစ်ခုပေါ့။ စိန်အထဲမှာ ကာဗွန် အက်တမ် တစ်လုံးကို တခြား ကာဗွန် အက်တမ် (၄)လုံးက ကုဗတုံး ပုံစံဝန်းရံထားတာဖြစ်ပါတယ်။ စိန်မှာဆိုရင် သဘာဝအတိုင်းဖြစ်တာနဲ့ လူလုပ်တဲ့ စိန်ဆိုပြီး ၂မျိုးရှိပါတယ်။ သဘာဝစိန်ထဲမှာဆိုရင် ကာဗွန် သီးသန့်ပဲပါတာလည်းရှိသလို တခြား ဓာတုဒြပ်စင် တွေလည်းပါပါသေးတယ်။ ဥပမာ ပြောရင် ဂရပ်ဖိုက်၊ fullerene နဲ့ ကျောက်မီးသွေး လို ဒြပ်စင် တွေပေါ့။ တချို့တွေက စိန်က ကျောက်မီးသွေးကနေဖြစ်လာတယ်လို့ပြောကြပါတယ်။ ဒါဟာတကယ်တော့ မှားတာကိုတွေ့ရှိရပါတယ်။
သဘာဝစိန်ဖြစ်လာဖို့အတွက် ကမ္ဘာမြေကြီးရဲ့ အနက်တစ်နေရာမှာ အလွန်အားပြင်းတဲ့ ဖိအား နဲ့ အပူ လိုပါတယ်။ တိကျတဲ့အခြေအနေတစ်ခုအရောက်မှာတော့ တကယ့်သဘာဝစိန်တွေဖြစ်ပေါ်လာတာပါပဲ။ အမြင့်ဆုံး ကာဗွန် တွေလောင်ကျွမ်းနိုင်တဲ့ ပမာဏက ၄၅ နှင့် ၆၀ kilobars ကြားမှာဖြစ်ပြီး အနိမ့်ဆုံးလောင်ကျွမ်း ပမာဏကတော့ ၉၀၀ ဒီဂရီစင်တီဂရိတ် နဲ့ ၁၃၀၀ ဒီဂရီစင်တီဂရိတ် ကြားဖြစ်ပါတယ်။ ဒီအခြေအနေ ၂ခုကိုတော့ lithospheric mantle လို့ခေါ်တဲ့ ကမ္ဘာမြေကြီးရဲ့ အပေါ်ဆုံး ကြားလွှာမှာတွေ့နိုင်ပြီးတော့ ဥက္ကာခဲတွေနားမှာလည်းတွေ့ရနိုင်တယ်။ အရင်က လူတွေက မီးတောင်အနီးအနားတစ်ဝိုက် ဒါမှမဟုတ် ဥက္ကာခဲတွေကြားမှာ စိန်တွေကို တွေ့ခဲ့ပါတယ်။ တခါတလေမှာတော့မြေကြီးပေါ်မှာတင်တွေ့ရတတ်ပါတယ်။ အာဖရိကလိုနေရာမျိုးမှာတော့ မြေအောင်မိုင်းတွေထဲမှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် စိန်ကိုစတွေ့ခဲ့တာကတော့ အိန္ဒိယမှာပါ။
စိန်ဟာ တခြားသတ္တုတွေနဲ့ယှဉ်ရင် အရမ်းမာကျောတာဖြစ်တဲ့အတွက်ကြောင့် သူ့ကို jewelry အဖြစ်ဝတ်ဆင်တာထက် ဖြတ်တောက်တဲ့နေရာမှာ၊ အရောင် တင်တဲ့နေရာတွေမှာ ကိရိယာတစ်ခုအနေနဲ့ စက်ရုံတွေမှာ အသုံးပြုတာများပါတယ်။ သူ့ရဲ့အရောင်တွေကတော့ အမျိုးမျိုးရှိပါတယ်။ အတော်များများကတော့ ကြည်လင်တဲ့အရောင်ရှိပေမယ့် တခါတလေမှာ အဝါ၊အနီ၊အပြာ၊အစိမ်း နဲ့ ပန်းရောင် စတဲ့ fancy ဖြစ်တဲ့အရောင်တွေလည်းရှိပါတယ်။ Electrical insulator အဖြစ်အသုံးဝင်လွန်းတဲ့အပြင် အပူလျှောက်ပစ္စည်းအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။
စိန်ဟာ လေဟာနယ် သို့မဟုတ် အောက်ဆီဂျင်မရှိတဲ့လေထုရဲ့ ၁၇၀၀ ဒီဂရီစင်တီဂရိတ် အထက်မှာ ဂရပ်ဖိုက် အဖြစ်ပြောင်းလဲနိုင်ပြီး လေထဲမှာဆိုရင်တော့ ၇၀၀ ဒီဂရီစင်တီဂရိတ် မှာစပြီးပြောင်းလဲနေပါပြီ။ စိန်ရဲ့ လောင်ကျွမ်းနိုင်တဲ့ အမှတ်က အောက်ဆီဂျင်မှာဆို ၇၂၀ မှ ၈၀၀ ဒီဂရီစင်တီဂရိတ် ကြားဖြစ်ပြီးလေထဲမှာ ၈၅၀ မှ ၁၀၀၀ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။ ပုံမှန်စိန်တွေမှာဆိုရင်တော့သူ့ရဲ့ သိပ်သည်းမှုက ၃.၁၅ ကနေ ၃.၅၃ g/cm3 ထိရှိပြီး စိန်ပိုစစ်ရင်တော့ ၃.၅၂ g/cm3 လောက်အထိ သိပ်သည်းမှုရှိလာပါတယ်။ ဒါပေမယ့် စိန်ထဲမှာရှိတဲ့ ကာဗွန်အက်တမ် တွေက ဂရပ်ဖိုက် ထဲမှာရှိတဲ့ ကာဗွန် တွေထက်ပိုအားနည်းပါတယ်။ စိန်ထဲက ကာဗွန် တွေက 3D ပုံစံဖြစ်ပြီးတော့ ဂရပ်ဖိုက် ထဲက ကာဗွန် တွေကတစ်ခုနဲ့တစ်ခုပိုပြီးနီးကပ်စွာတည်ရှိနေတာကြောင့်ပါ။ ဒါနဲ့ပဲတော့ ဂရပ်ဖိုက် က စိန်ထဲပိုမာတယ်လို့တော့လည်းမဆိုနိုင်ပါဘူး။